မြန်မာနိုင်ငံအကြောင်း
မြန်မာနိုင်ငံသည် စုစုပေါင်း ဧရိယာ အကျယ်အဝန်း ၆၇၆၅၇၈ စတုရန်း ကီလိုမီတာ ရှိ၍ အရှေ့တောင် အာရှတွင် ဒုတိယ အကြီးဆုံးနိုင်ငံ ဖြစ်ပြီး တောင်ပိုင်း၌ မြေဆီသြဇာ ကောင်းသော အပူပိုင်း မြစ်ဝကျွန်းပေါ် ဒေသများနှင့် မြောက်ပိုင်းတွင် ဟိမဝန္တာ၏ အဆက် တောင်ဆွယ်တောင်တန်းများဖြင့် မညီညာသော မြေမျက်နှာသွင်ပြင် ရှိပါသည်။ မြောက်နှင့် အရှေ့ မြောက်ဘက်တွင် ကမ္ဘာ့လူဦးရေ၏ ၄၀% ကို ပိုင်ဆိုင်ထားသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင် ဘက်တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ အနောက်နှင့် အနောက် မြောက်ဘက် တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ဖြင့် နယ်နိမိတ်ချင်း ထိစပ်နေပါသည်။ ၂၈၀၀ ကီလိုမီတာ ရှည်လျားသည့် မြန်မာ့ ကမ်းရိုးတန်းသည် ပင်လယ် ရေကြောင်းနှင့် ရေနက် ဆိပ်ကမ်းများကို အသုံးပြုခွင့်ရစေပါသည်။လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း မှာ အဓိက ကျပြီး စိုက်ပျိုးရေး သစ်တော နှင့် ငါးဖမ်း လုပ်ငန်းများ မှ ၂၀၂၄ GDP ၏ ၂၁% ခန့် ရရှိပါသည်။တိုင်းရင်းသား လူမျိုးစုပေါင်း ၁၃၅ မျိုးကျော် ရှိ၍ ယဉ်ကျေးမှုနှင့် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ထုံးတမ်း စဉ်လာများ ပေါကြွယ်ဝပြီး ရာဇဝင်သမိုင်း အချက်အလက်များ ပေါများလှသည့် မြန်မာနိုင်ငံသည် မတူ ကွဲပြားမှု အများဆုံး ရှိနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ စုစုပေါင်း လူဦးရေ၏ သုံးပုံ နှစ်ပုံသည် ကျေးလက် ဒေသတွင် နေထိုင်ခြင်းနှင့် မြို့ပြ လူဦးရေ အများစုသည် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် စုပြုံနေထိုင်ကြသည့် ကြီးမားသော ခြားနားချက် ရှိသော်ငြားလည်း အရှေ့တောင် အာရှ၏ လူဦးရေ သိပ်သည်းမှု အနိမ့်ဆုံး နိုင်ငံများတွင်ပါဝင်ပါသည်။
၂၀၂၁ နောက်ပိုင်း မှ စပြီး မြန်မာ နိုင်ငံ သည် “ဗဟုအကျပ်အတည်း” ဟု ကင်ပွန်းတပ် ရလောက် သည့် နိုင်ငံရေး မတည်ငြိမ်မှု၊ COVID-19 ၏ သက်ရောက်မှု၊ ပဋိပက္ခ၊ စီးပွါးရေး ပြသာနာများ၊ လူ့အခွင့်အရေး ချိုးဖောက်မှု နှင့် သဘာဝ ပတ်ဝန်းကျင် ယိုရွင်းမှု များ ကို ဆိုးရွာ စွာ ခံစားနေရသည် (UNDP, 2025)။ ၂၀၂၅ တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်သူ ၁၉.၉ သန်း ခန့် ရှိပြီး ၎င်း တို့ထဲ တွင် ကလေး ၆.၃ သန်း နှင့် အမျိုးသမီး ၇.၁ သန်း ပါဝင်သည်။ ၂၀၂၄ နှစ်စ တွင် မြန်မာ သည် တကမ္ဘာလုံး တွင် ပဋိပက္ခ အခံစားရ ဆုံး နိုင်ငံ စာရင်း တွင် ဒုတိယ နေရာ ချိတ်ခဲ့သည်။ ထို့အပြင် အရပ်သားများ အတွက် စတုတ္ထမြောက် အန္တရာယ် အများဆုံး နိုင်ငံ ဖြစ်ပြီး လူဦးရေ ၏ ၄၃% မှာ ပဋိပက္ခ နှင့် ထိတွေ့မှု ရှိသည် (UNOCHA, 2024)။ နေရပ် စွန့်ခွါ ရွှေ့ပြောင်းနေရမှု မှာ လည်း အလွန်မြင့်မား နေသည်။ UNHCR မှ ဇူလိုင် ၁၄ ၂၀၂၅ ရ အချက်အလက် အရ တစ်နိုင်ငံလုံး တွင် ၂၀၂၁ နောက်ပိုင်း ရွှေ့ပြောင်းနေရသူ ၃.၂ သန်း ကျော် ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး တွင် အများဆုံး ရှိပါသည် (UNHCR, Jul 2025)။
အုပ်ချုပ်မှု ပုံသဏ္ဌာန်အရ မြန်မာနိုင်ငံတွင် ပြည်နယ် ၇ ခု၊ တိုင်းဒေသကြီး ၇ ခုနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေ ဟူ၍ ပိုင်းခြားထားပါသည်။ ပြည်နယ်များ ဖြစ်သည့် ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် တို့သည် အဓိက အားဖြင့် ကုန်းမြေ မြင့်ဒေသများ ဖြစ်၍ တိုင်းရင်းသား လူမျိုးစုများ၊ တိုင်းရင်းသား လူ့အဖွဲ့အစည်းများ အများအပြား နေထိုင် ကြပါသည်။ တိုင်း ဒေသကြီးများ ဖြစ်သည့် ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်၊ တနင်္သာရီနှင့် ရန်ကုန်တိုင်း ဒေသကြီး တို့သည် အများအားဖြင့် မြေပြန့် လွင်ပြင်များတွင် တည်ရှိ၍ ဗမာလူမျိုး အများစု နေထိုင်ကြပါသည်။
ဤစာမျက်နှာတွင် တစ်နိုင်ငံ လုံး ကို လွှမ်းခြုံသော စစ်တမ်း အစီရင်ခံစာ အစရှိသည့် စာရွက်စာတမ်းများ ပါရှိပါသည်။ ပြည်နယ်များ/ တိုင်းဒေသကြီးများအလိုက် သို့မဟုတ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် အပူပိုင်းဇုန် စသည့် စိတ်ဝင်စားရာ ဒေသများအလိုက် ထပ်ဆောင်း အရင်းအမြစ်များကို အမြန်ရှာဖွေခြင်း (Fast Find) အကွက်တွင် ရှိသည့် နေရာဒေသ အလိုက်ရှာဖွေခြင်း (Search by Location) အားဖြင့် ရယူနိုင်သလို MIMU မူရင်းစာမျက်နှာ (Homepage) ပေါ်တွင်လည်း တွေ့ရှိနိုင်ပါသည်။
စာရွက်စာတမ်းများ
နိုင်ငံလုံးဆိုင်ရာ မြေပုံများ
မြေပုံများ
| What | Format | Size | Uploaded |
|---|---|---|---|
| Report_Urban_Myanmar_IGC_2016.pdf |
pdf |
2.59 MB | 08-May-2017 |
| Ref Doc_Post-Disaster Needs Assessment of Floods & Landslides WB 2015.pdf |
pdf |
11.07 MB | 09-Aug-2016 |
| Map_Tourism Transparency_15Jan2013.pdf |
pdf |
5.2 MB | 01-Aug-2014 |
