The MIMU HDP NEXUS 5W: Who is doing What, Where, When and for Whom
MIMU HDP NEXUS 5W (ယခင် MIMU HDP Nexus 3W) သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများ ညှိနှိုင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန် ပံ့ပိုးပေးပါသည်။ ယင်းလေ့ကျင့်ခန်းသည် ကမ္ဘာအတိုင်းအတာဖြင့် အကြီးမားဆုံးနှင့် အသေးစိတ်ဆုံးသော လေ့ကျင့်ခန်းဖြစ်သည်။ ၎င်းသည် WHO (မည်သည့်အဖွဲ့အစည်း) WHAT (မည်သည့်စီမံကိန်းများ) ကို WHERE (မည်သည့်နေရာများ)တွင် WHEN (မည်သည့် ပရောဂျက်အခြေအနေနှင့် အချိန်သတ်မှတ်ချက်)အတိုင်း WHOM (မည်သည့် အထူးပြုရာ ပရောဂျက်များ) အတွက် လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးကို အဓိကထား ဖြည့်ဆည်းပေးသည့် အဖွဲ့အစည်းများနှင့် အလှူရှင်များအား ၎င်းတို့ ဦးတည်လှုပ်ရှားမှုများ ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်နေသည့် နောက်ဆုံးရ အချက်အလက်များကို ထိန်းသိမ်းထားသည်။
HDP Nexus 3W ကို ဆိုင်ကလုန်းနာဂစ်အပြီး ၂ဝဝ၈ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ခဲ့ပြီး၊ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ၏ ပြည်နယ် နှင့် တိုင်း ဒေသကြီးများ အလိုက် အဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိကြသော လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းရပ်များကို ထင်ဟပ်ဖော်ပြရန် တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ၎င်းအား MIMU HDP NEXUS 5W ဟုခေါ်တွင်ခဲ့သည်။
အဖွဲ့အစည်းများသည် ၎င်းတို့၏ စီစဉ်ထားဆဲ၊ ဆောင်ရွက်ဆဲ နှင့် မကြာသေးမီကမှ ပြီးစီးသွားသော စီမံကိန်း အချက်အလက်များကို မြန်မာနိုင်ငံတွင် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ကိုင်ဆောင်ရွက်နေသော ပေါင်းစုဦးဆောင် အဖွဲ့များက သတ်မှတ်ပေးထားသော ကဏ္ဍနှင့် ကဏ္ဍခွဲများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် များကို အသုံးပြုလျက် ၆ လ တစ်ကြိမ် မျှဝေပေးပါသည်။ HDP Nexus 5W အချက်အလက်ကို အများပြည်သူ သိရှိနိုင်အောင် ပြုလုပ်ပေးထားပြီး၊ စီစဉ်ထားဆဲမှစ၍ လတ်တလော ပြီးစီးသွားသော စီမံကိန်းများအထိ ဖော်ပြထားသည်၊ အချက်အလက် ကောက်ယူချိန်၌ အကောင်အထည် ဖော်နေဆဲဖြစ်သော စီမံကိန်းများအတွက်မူ မြေပုံနှင့် ရှင်းလင်းချက်များအားဖြင့် မှတ်တမ်းတင် ထုတ်ဝေပါသည်။ အကန့်အသတ်ဖြင့်သာ ထုတ်ဝေနိုင်မည့် မိမိတို့၏ အချို့သော HDP Nexus 5W အချက်အလက်များကို မည့်သည့် အဆင့်ထိ အသေးစိတ်ဖော်ပြနိုင်သည် ဆိုသည့်အချက်ကို အဖွဲ့အစည်းများအနေဖြင့် ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါသည်။ (ဥပမာ အားဖြင့် ဆိုရသော် ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေရသော စီမံကိန်း လျာထားချက်များ၏ ကျေးရွာအမည်များ ဖော်ပြခြင်းကို ကန့်သန့်ထားခြင်း မျိုးဖြစ်ပါသည်။)
သင်၏အဖွဲ့အစည်း မည်သို့ပါဝင်ဆောင်ရွက်နိုင်သနည်း။
MIMU HDP NEXUS 5W ကို မြန်မာနိုင်ငံ အတွင်း လုပ်ကိုင် ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် အေဂျင်စီများ၏ ပူးပေါင်း ပါဝင် ပေးပို့ခြင်းများဖြင့် ၆ လ တစ်ကြိမ် ထုတ်ဝေ တင်ပြပါသည်။ အဖွဲ့အစည်းများ အနေဖြင့် ဧပြီလတွင် ထုတ်ဝေသည့် HDP Nexus 5W အတွက် မတ်လတွင်၎င်း၊ အောက်တိုဘာ ထုတ်ဝေမှုအတွက် စက်တင်ဘာလတွင်၎င်း မိမိတို့၏ စီမံကိန်း အချက်အလက်များကို MIMU HDP NEXUS 5W အချက်အလက် ဖြည့်သွင်း ပုံစံတွင် ဖြည့် စွက် ခြင်းဖြင့် ပါဝင် ဆောင်ရွက်နိုင်ကြပါသည်။
ကျေးဇူးပြု၍ မှတ်သားပေးရန်မှာ – သင်တို့ အဖွဲ့အစည်းသည် အချက်အလက်များကို MIMUသို့ ပေးပို့ရန် နောက်ဆုံး တောင်းခံသည့်အချိန်တွင် မမှီခဲ့ပါက မိမိတို့ အဆင်ပြေသည့်အချိန်တွင် ဆက်လက် ပေးပို့နိုင်ပါသည်၊ ၎င်းတို့ကို အွန်လိုင်း HDP Nexus 5W သို့ ထပ်ပေါင်း ထည့်ပေးသွားမည် ဖြစ်သည်၊ သို့သော် ကျယ်ပြန့်စွာ ဖြန့်ဖြူး ဆောင်ရွက်နေသည့် MIMU HDP NEXUS 5W ၏ မြေပုံများနှင့် ရှင်းလင်းချက်များ တွင် ပါဝင်နိုင်မည်တော့မဟုတ်ပေ။
HDP Nexus 5W အတွက် တောင်းခံထားသော အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည် –
- WHO သည် အေဂျင်စီ အမျိုးအစားအလိုက် ခွဲထုတ်ထားသော အဖွဲ့များ ကို ဖော်ပြပါသည်။ - UN၊ နိုင်ငံတကာနှင့် အမျိုးသား NGOများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ (CBOs)၊ နယ်စပ်အခြေစိုက် အဖွဲ့အစည်း (BBOs)၊ ကြက်ခြေနီအေဂျင်စီများ၊ အလှူရှင်များနှင့် သံရုံးများမှ ကြားဝင်ဆောင်ရွက်ပေးမှုများကို တိုက်ရိုက် အကောင်အထည်ဖော်ပေးပါသည်။
- WHAT သည် ကဏ္ဍနှင့် ကဏ္ဍခွဲအဆင့်များတွင် တင်ပြသည့် လုပ်ဆောင်ချက်များကို ဖော်ပြပါသည်။ ဤ HDP Nexus 5W တွင် ကဏ္ဍ ၂၂ ခု ပါဝင်ပြီး သီးခြား ကဏ္ဍခွဲ ၁၅၇ ခု ခွဲခြားထားသည်။ ကဏ္ဍ/ကဏ္ဍခွဲ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ကဏ္ဍ/အစုအဖွဲ့ အလုပ်အဖွဲ့များ သို့မဟုတ် သီးခြားကဏ္ဍတွင် လုပ်ကိုင်နေသော လူပုဂ္ဂိုလ်အုပ်စုများနှင့် ညှိနှိုင်းမှုများမှတစ်ဆင့် ထိုသို့ဖွဲ့စည်းထားသော အဖွဲ့မရှိသည့်အခါတွင် သတ်မှတ်ပြဌာန်းထားပါသည်။
- WHERE သည် ပြည်နယ်/တိုင်းဒေသကြီး၊ မြို့နယ်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာအုပ်စု/စခန်းအဆင့်အထိ လှုပ်ရှားမှုများ၏ ပထဝီဝင်တည်နေရာကို ဖော်ပြပါသည်။ MIMU HDP Nexus 5W သည် ကျေးရွာအဆင့် (ဒေတာဖိုင်များ)၊ ကျေးရွာအုပ်စုအဆင့် (ကဏ္ဍနှင့်ကဏ္ဍခွဲ အငြိမ်မြေပုံများ၊ ကျေးရွာအုပ်စု ဒက်ရှ်ဘုတ်) နှင့် မြို့နယ်အဆင့် (မြို့နယ် ဒက်ရှ်ဘုတ် နှင့် ကဏ္ဍအဆင့် တည်ငြိမ်မြေပုံများနှင့် ဇယားများ) တွင် ဖော်ပြထားပါသည်။ HDP Nexus 5W ထုတ်ကုန်များကို MIMU ဝဘ်ဆိုဒ်တွင် တွေ့ရှိနိုင်သည်။ Myanmar HDP Nexus 5W သည် နိုင်ငံတစ်ဝှမ်းရှိ အခြေချနေထိုင်မှုပေါင်း ၆၇၀၀၀ ကျော်ကို ဖော်ထုတ်ပြီး HDP Nexus 5W သတင်းအချက်အလက်များကို ပုံဖော်ခွင့်ပြုသည့် မြို့ရွာသင်္ကေတကုဒ်များ (Pcodes) သို့မဟုတ် သီးသန့်တည်နေရာ ခွဲခြားသတ်မှတ်မှုများကို အသုံးပြုပါသည်။
- WHEN သည် ပရောဂျက်အခြေအနေနှင့် အချိန်ကာလကို ဖော်ပြပါသည်။ MIMU HDP NEXUS 5W သည် ပရောဂျက်ကို စီစဉ်ထားသည်၊ ဆက်လက်လုပ်ဆောင်မည်၊ ဆိုင်းငံ့ထားသည် (ယာယီ သို့မဟုတ် ရေရှည်ဆိုင်းငံ့မှုကို ညွှန်ပြသည်) သို့မဟုတ် HDP Nexus 5W ခွဲခြမ်းစိတ်ဖြာသည့်အချိန်တွင် ပြီးစီး/ပြီးဆုံးခြင်းရှိမရှိ မှတ်သားထားသည်။
- FOR WHOM သည် အထူးပြု ပရောဂျက်များကို ဖော်ပြသည်။ MIMU သည် ပရောဂျက်များအား Development Focus (Normal Programme)၊ အခြားသော ထိခိုက်လွယ်သောအဖွဲ့များ (IDP နှင့် မသက်ဆိုင်သော)၊ IDP နှင့် Host Community Focus နှင့် IDP Focus တို့ကို အထူးပြုခြင်းရှိမရှိ အချက်အလက်များ စုဆောင်းပါသည်။
HDP Nexus 5W Entry Forms & Reference Guidelines
Documents
| Title | Size | Uploaded |
|---|---|---|
| HDP Nexus 5W_ProjectDataEntryForm_Countrywide_Feb2026.zip |
2.09 MB |
18-Feb-2026 |
| MIMU 5W Support Sessions Flyer_Eng_Feb2026.pdf |
81.15 KB |
18-Feb-2026 |
| MIMU 5W Support Sessions Flyer_MMR_Feb2026.pdf |
148.85 KB |
18-Feb-2026 |
| Guidelines_5WProjectDataEntryForm_MMR_Aug2025.pdf |
582.92 KB |
18-Aug-2025 |
| Guidelines_5WProjectDataEntryForm_Eng_Aug2025.pdf |
527.14 KB |
18-Aug-2025 |
| 5W National Sector Sub-sectors Description_14Aug2025_MMR.pdf |
620.77 KB |
18-Aug-2025 |
| 5W National Sector Sub-sectors Description_14Aug2025_Eng.pdf |
516.23 KB |
18-Aug-2025 |
လက်ရှိ HDP Nexus 5W – August 2025
HDP Nexus 5W အကြောင်းအရာ အကျဉ်းချုပ်
| Title | Size | Uploaded |
|---|---|---|
| Earthquake-related Insights from MIMU HDP Nexus 5W August 2025 Round_IG019v... |
1.09 MB |
24-Oct-2025 |
| Insights from MIMU HDP Nexus 5W August 2025 Round_IG018v1 ENG.pdf |
2.01 MB |
24-Oct-2025 |
| Summary_Sector & SubSector_MIMU HDP Nexus 5W Aug 2025.xlsx |
336.34 KB |
17-Oct-2025 |
| Summary_Location, Sector & OrgType_MIMU HDP Nexus 5W Aug 2025.xlsx |
927.04 KB |
17-Oct-2025 |
| Summary_Location, Sector & OrgType (Earthquake)_MIMU HDP Nexus 5W Aug 2... |
392.44 KB |
17-Oct-2025 |
HDP Nexus 5W မြေပုံနှင့် ရှင်းလင်းချက်များ
ယခင် HDP Nexus 5W – February 2025
HDP Nexus 5W အကြောင်းအရာ အကျဉ်းချုပ်
| Title | Size | Uploaded |
|---|---|---|
| Overview of the MIMU HDP Nexus 5W Feb 2025_IG015v1 ENG.pdf |
886.13 KB |
29-Aug-2025 |
HDP Nexus 5W မြေပုံနှင့် ရှင်းလင်းချက်များ၊ မူကြမ်း အချက်အလက်များ
Fast Find
- Who, What, Where, When,
Whom (HDP Nexus 5W) - Current HDP Nexus 5W Maps
- HDP Nexus 5W Overview
Dashboard - HDP Nexus 5W Township
Summary Dashboard - HDP Nexus 5W Township
Dashboard - Southeastern Myanmar
HDP Nexus 5W Dashboard - HDP Nexus 5W Dashboard -
UN Agencies Only - အခြေခံအချက်အလက်များ
- မြို့ရွှာသင်္ကေတကုဒ်များ (Pcodes)
