အဖွဲ့အစည်းလမ်းညွှန် နှင့် ပေါင်းစပ်ညှိနှိုင်းခြင်း
MIMU၏ အဖွဲ့အစည်းလမ်းညွန်သည် မြန်မာနိုင်ငံတွင် လုပ်ကိုင် ဆောင်ရွက်နေကြသော ကုလသမဂ္ဂ အေဂျင်စီ များ၊ NGOs များ၊ ၊ သံတမန် အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးအဖွဲ့များ စသည်တို့နှင့် ပတ်သက်ပြီး ရှာဖွေနိုင်သော internal only လမ်းညွှန်စာရင်းဖြစ်ပါသည်။ ၎င်းစာရင်းတွင် မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် လုပ်ကိုင် ဆောင်ရွက်နေကြသော အဖွဲ့အစည်းပေါင်း (UNs ၊NGOs ၊ အလှူရှင်များ၊ သံရုံးများ) ၁၈၀၀ကျော် တို့မှ အဓိက ဆယ်သွယ်နိုင်သည့် တာဝန်ရှိ ဝန်ထမ်းပေါင်း ၄၀၀၀ ကျော် ၏ ဆယ်သွယ်ရန် များကို သိမ်းဆည်းပေး ထားပါသည်။ ဤလမ်းညွန် ကို ဝက်ဆိုက် ပေါ်တွင် အလွယ်တကူ မရနိုင်တော့ ပဲ ကန့်သတ်၍သာ မျှဝေပါသည်။ MIMU အနေဖြင့် အဖွဲ့အစည်း များ နှင့် ပူးပေါင်း ၍ အတတ်နိုင်ဆုံး update ဖြစ် အောင် ကြိုးစားနေပါသည်။
MIMU အဖွဲ့အစည်း လမ်းညွှန်တွင် ဆက်သွယ်ရန် လိပ်စာ အသစ်များ ထည့်ရန် သို့မဟုတ် ပြင်ဆင်ရန်အတွက် the MIMU Contact List Registration Form စာမျက်နှာတွင် အသေးစိတ် ဖြည့်သွင်းပါ။ မိမိတို့အဖွဲ့အစည်း၏ ဆက်သွယ်ရန် အချက်အလက်များသည် MIMU website တွင် မှတ်တမ်းတင်ထားပြီးဖြစ်ပါက၊ အချက်အလက် အပြောင်းအလဲများ ရှိပါက ကိုယ်တိုင် ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။ ထပ်မံ သိရှိလိုသည်များအတွက် [email protected] ကို ဆက်သွယ်ပါ။
